အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

default Webnexttechnology
default Webnexttechnology

Skip to main content အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ နေပြည်တော် မတ် ၂၁ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။ အစည်းအဝေးတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက လက်ရှိ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လာမည့် နွေရာသီကာလတွင်လည်း အပူဒဏ် အန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်း၊ လွန်ခဲ့သော နှစ်များအတွင်း မုန်တိုင်းဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်သုံးသပ်ရာတွင် မုန်တိုင်း ဘေးအန္တရာယ်ကို ဧပြီလကုန်နှင့် မေလဆန်းတို့တွင် လည်းကောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် လည်းကောင်း ကြုံတွေ့ရလေ့ရှိကြောင်း၊ ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များအား ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်မှုများ ကာကွယ်နိုင်မည်ဖြစ်ကြောင်း။ မုန်တိုင်းကျရောက်ပြီးချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြတ်တောက်သွားခြင်း မရှိစေရန်အတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် ခွဲစိတ် ကုသမှုများ အပါအဝင် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အမြန်ဆုံးပြန်လည် စတင်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်၏ နောက်ဆက်တွဲအနေဖြင့် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုများ မရှိစေရေး စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ ကို ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း။ ထိုသို့ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကူးစက်ရောဂါများ ကြီးမားသည့် ကပ်အသွင်ဖြစ်ပွားမှုများ မရှိခဲ့ကြောင်း၊ အလားတူ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သည် ရေကြီးမှုဖြစ်စဉ်များကိုလည်း ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ကာ ဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် အကြံပြုဆွေးနွေးသည့် အချက်များရယူကာ ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကျန်းမာရေး ကဏ္ဍကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ဖွဲ့စည်းဆောင်ရွက်မှု၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မှု၊ ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဖြစ်စဉ်နှင့် ရေကြီးမှုဖြစ်စဉ်များတွင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီတွင် ပါဝင်သည့် နှီးနွှယ်ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျော့ပါးရေး ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ မပေါ်ပေါက်စေရေး ဆောင်ရွက်နိုင်ခဲ့မှုများ၊ လုပ်ငန်းကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုချက်များကို ဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ပြည်တွင်းသတင်း

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments